ငပုဝောာ ဇန်နဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျ ရောက်မည့် (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်နံနက် ၉ နာရီအချိန်က အ.ထ.က-ငပုတော ဆရာ/မများနှင့် ကျောင်းသူ/သားများအား အခမဲ့ဖြန့်ဝေပေးကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာ စောင်တွင် ပြည်တွင်း စည်း လုံးညီညွတ်မှုကသာလျှင်အဓိကအကျဆုံးဖြစ် ဆောင်းပါး၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅)ရပ်၊ (၂၀-၁-၁၉၄၆) ရက်နေ့၊ အလယ်ပစ္စယံညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော အမျိုးသားညီ ညွတ်ရေးမိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်၊ ကဗျာ၊ ကာတွန်းနှင့်ဆောင်ပုဒ်များစသည့် စိတ်ဝင်စားဖွယ်အကြောင်းအရာပါဝင်ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)