(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့် အားကစားပြိုင်ပွဲအမျိုးအစားအလိုက် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ထားဝယ်  ဇန်နဝါရီ  ၁

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လု ပွဲနှင့်ပြိုင်ပွဲ အမျိုးအစားအလိုက် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ ညနေ ၃ နာရီခွဲ က  ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာဗိုလ်လုပွဲသို့ တက်ရောက်လာသော ထားဝယ်တက္ကသိုလ်အသင်းနှင့် ရွှေကသစ်အသင်းတို့၏ ယှဉ်ပြိုင်ကစား နေမှုကိုတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးရာ ထားဝယ်တက္ကသိုလ်အသင်းက အနိုင်ရရှိသည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ချို ကပွဲစဉ်တစ်လျှောက်ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ပြီး တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းက  အသက် (၁၂)နှစ်အောက် အမျိုးသား၊ အမျိုးသမီး မီတာ(၂၅) အလွတ်ကူးပြိုင်ပွဲတွင်(ပထမ၊ ဒုတိယ၊ တတိယ)ဆုရရှိသူများအား လည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက အမျိုးသား၊အမျိုးသမီး မီတာ (၂၅)ရင်ဘောင်တန်း ရေကူးပြိုင်ပွဲတွင်(ပထမ၊ဒုတိယ၊တတိယ)ဆုရရှိသူများအားလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူး ကြီးမြတ်ထွန်းက အသက်(၂၅)နှစ်အောက် အမျိုးသား၊ မီတာ (၅၀) အလွတ်ကူးပြိုင်ပွဲနှင့် အမျိုးသား၊ အမျိုးသမီးမီတာ(၅၀)ရင်ဘောင်တန်းကူးပြိုင်ပွဲတွင် (ပထမ၊ ဒုတိယ၊ တတိယ)ဆုရရှိသူများအားလည်းကောင်း တစ်ဦးချင်းဆုနှင့် ငွေသားဆုပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးဦးခင်မောင်မြင့်က ကြက်တောင်ရိုက် အလွတ်တန်း(၂)ယောက်တွဲပြိုင်ပွဲနှင့် အသက်ငယ်တန်းတစ်ဦးချင်းပြိုင်ပွဲတွင်(ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိသူများအားလည်းကောင်း၊ စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက စားပွဲတင် တင်းနစ် တစ်ဦးချင်းပြိုင်ပွဲ၊ အသက်(၂၅)နှစ်အောက်တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ တွင် (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိသူများအားလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ်က ပိုက်ကျော်ခြင်း(၃)ဦးပြိုင်ပွဲနှင့်အလွတ်တန်း(၂)ဦးတွဲပြိုင်ပွဲတွင် (ပထမ၊ ဒုတိယ၊တတိယ) ဆုရရှိသူများအားလည်းကောင်း၊ တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက ထုတ်ဆီးတိုးပြိုင်ပွဲတွင် (ပထမ၊ ဒုတိယ၊တတိယ)ဆုရရှိသော အသင်းများအားလည်းကောင်း တစ်ဦးချင်းဆုနှင့်ငွေသား ဆုပေးအပ်ချီးမြှင့်သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက မူလတန်းကျောင်းပေါင်းစုံအသက် (၁၁)နှစ် အောက် အမျိုးသား ဘော်လုံးပြိုင်ပွဲတွင်ဒုတိယဆုရရှိသော အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းအသင်းအား တစ်ဦးချင်းဆုနှင့်ငွေသားဆုပေးအပ်ချီးမြှင့်ပြီး ပထမဆုရရှိသော အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအသင်းအား တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)