ပဲခူး ဇန်နဝါရီ ၂
ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်ခဲ့သည့် တန်ဖိုးမြှင့်စားသောက်ကုန်(Bakery)ထုတ်လုပ်မှုသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့ရွှေဝါထွန်းဟိုတယ်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးကျော်ဇင်ထွန်းက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းမှထုတ်ကုန်ပစ္စည်းများအား သင်တန်းသူများထံပေးအပ်သည်။
ထို့နောက် သင်တန်းဆင်းလက်မှတ်များအား ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်စိုးစိုးသက်မှ အမျိုးသမီးရေးရာအဖွဲ့ဝင်သင်တန်းသူများနှင့် ရပ်ကွက်ကျေးရွာများမှသင်တန်းသူများထံပေးအပ်ပြီး စီးပွားရေးရာဝန်ကြီး၏ဇနီးက မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်သင်တန်းသူများနှင့် ရပ်ကွက်ကျေးရွာများမှသင်တန်းသူများထံ ပေးအပ်သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နှင့် တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌဒေါ်နန်းမြင့်သီတာနှင့် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်နန်းယာမီတို့က သင်တန်းဆရာများအား ဂုဏ်ပြုလက်ဆောင်ပစ္စည်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြပြီး သင်တန်းသူများကိုယ်စား ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နှင့် တိုင်းဒသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌဒေါ်နန်းမြင့်သီတာက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးကျော်ဇင်ထွန်း၊ ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယကဒေါ်စိုးစိုးသက်နှင့်ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များသည် သင်တန်းသူများနှင့် အမှတ်တရမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြပြီး သင်တန်းသူများပြုလုပ်ထားသော ထုတ်ကုန်ပစ္စည်းများအား ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသူစုစုပေါင်း(၃၀)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)