မြိတ်မြို့တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြိတ်ခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား  မြိုနယ်ပေါင်းစုံ အသက်ငယ်တန်း လက်ဝှေ့ပြိုင်ပွဲ ကျင်းပ

မြိတ်   ဇန်နဝါရီ   ၂

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မျိုးဆက်သစ်လက်ဝှေ့ အားကစားသမားများ မွေးထုတ်ပေးနိုင်ရန်အတွက် (၇၆)မြောက်လွတ်လပ်ရေးနေ့အထိမ်အမှတ် မြိတ်ခရိုင်အား ကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား မြိုနယ်ပေါင်းစုံ အသက်ငယ်တန်း လက်ဝှေ့ပြိုင်ပွဲကို ခရိုင်အား ကစားခန်းမတွင် ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့သည်။

ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား ပြိုင်ပွဲတွင် (၄၂)ကီလိုတန်း၊ (၄၈)ကီလိုတန်း၊  (၅၁)ကီလိုတန်း၊  (၅၄) ကီလိုတန်း၊ (၅၇)ကီလိုတန်းပြိုင်ပွဲများ၊ အမျိုးသမီးပြိုင်ပွဲတွင် (၄၆)ကီလိုတန်း၊ (၄၈) ကီလိုတန်း၊ (၅၀)ကီလိုတန်း၊ (၅၂)ကီလိုတန်း၊ (၅၄)ကီလိုတန်း ပြိုင်ပွဲများဖြင့် ကျင်းပလျက်ရှိ ကာ ပြိုင်ပွဲအစီအစဉ်တွင် မြန်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲလည်း ကျင်းပသွားမည်ဖြစ်သည်။

ပြိုင်ပွဲများကို မြိတ်ခရိုင်အတွင်းရှိမြို့နယ်များမှ ကီလိုတန်းအလိုက် အမျိုးသားပြိုင်ပွဲနှင့် အမျိုးသမီးပြိုင်ပွဲ ဝင်များယှဉ်ပြိုင်ကစားခဲ့ကြရာ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များနှင့် ပြည်သူများက ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါပြိုင်ပွဲကို ဇန်နဝါရီ(၁)ရက်မှ (၃)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)