မိုးညို ဇန်နဝါရီ ၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မိုးညိုမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အလျား ၉ ပေ၊ အနံ ၆ ပေရှိငလျင်ဘေးအသိပညာပေး ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး လမ်းဆုံအနီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငလျင်ဘေးအသိပညာပေး ပိုစတာစိုက်ထူရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသော်ထက်အောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်ဇော်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစံလင်းတို့က ငလျင်ဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ငလျင်လှုပ်နေစဉ်တွင် လိုက်နာရန်နှင့် ရှောင်ရှားသင့်သည့်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန်နှင့်ရှောင်ရှားသင့်သည့်အချက်များ၊ မြန်မာနိုင်ငံ၏ ငလျင်ဇုံများပြမြေပုံနှင့် သဘာဝဘေးကြုံတွေ့လာပါက ဆက်သွယ်ရန်ဖုန်းနံပါတ်များပါဝင်သည့် ငလျင်ဘေးအသိပညာပေး ပိုစတာအားစိုက်ထူခဲ့ကြောင်း သိရသည်။
ကိုမင်း (ပြန်/ဆက်)