လဟယ်မြို့တွင်(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကဗျာရွတ်၊ စိတ်ကြိုက်ပန်းချီ၊ ပုံ‌‌ပြောပြိုင်ပွဲကျင်းပ

လဟယ်     ဇန်နဝါရီ    ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်လူရွယ်များ ဗလငါးတန်ပြည့်ဝစေရန်ရည်ရွယ်ပြီး (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကဗျာရွတ်၊ စိတ်ကြိုက်ပန်းချီ၊ ပုံပြောပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီ အချိန်ကျင်းပသည်။

ရှေးဦးစွာမြို့နယ် ပြန်/ဆက်ဌာန ဒုတိယဦးစီးမှူးဒေါ်နန်းမဉ္ဇူအေးကပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများပတ်သက်၍ ရှင်းလင်းသည်။ ထို့နောက်ပြိုင်ပွဲအား စတင်ယှဉ်ပြိုင်ခဲ့ရာကဗျာရွတ်ဆိုပြိုင်ပွဲတွင်(၁၅)ဦး စိတ်ကြိုက်ပန်းချီ(၂၃)ဦး၊ ပုံပြောပြိုင်၀င် (၁၅)ဦး စုစုပေါင်း(၅၃)ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သော (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့တွင်ဆုများချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်းသိရပါသည်။

အဆိုပါ ပြိုင်ပွဲကျင်းပနေမှုကို လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဉက္ကဋ္ဌ ဗိုလ်မှူးကျော်ကျော်နှင့်အဖွဲ့၀င်များက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)