ယင်းမာပင်မြို့တွင် ၇၆နှစ်မြောက်လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်ဌာန ပေါင်းစုံအားကစားပြိုင်ပွဲများကျင်းပ

ယင်းမာပင်    ဇန်နဝါရီ     ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့တွင် ၇၆နှစ်မြောက်လွတ်လပ်ရေး‌နေ့ကို ဂုဏ်ပြုကြို ဆိုသောအားဖြင့် ခရိုင်စုပေါင်းဝန်းအတွင်းရှိ ပိုက်ကျော်ခြင်းအားကစားကွင်းတွင် ဌာနပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲများကျင်းပခဲ့ကြသည်။

အဆိုပါပြိုင်ပွဲများတွင် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ အသင်းပေါင်း ၁၃ သင်းပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ပွဲစဉ်(၁)တွင် စက်မှုလယ်ယာနှင့်ရဲတပ်ဖွဲ့-(ခ)၊ ပွဲစဉ်(၂)တွင် ရဲတပ်ဖွဲ့-(က)နှင့်မီးသတ်၊ ပွဲစဉ်(၃)တွင် ညွှန့်ပေါင်းနှင့်ဟာသ၊ ပွဲစဉ် (၄)တွင်မြို့နယ်ထွေအုပ်နှင့် လုံခြုံရေးတပ်ဖွဲ့၊ ပွဲစဉ် (၅)တွင် ခရိုင်ထွေအုပ်နှင့် မြို့နယ်ထွေအုပ်၊ ပွဲစဉ်(၆)တွင် ညွှန့်ပေါင်း-၂ နှင့် စည်ပင်အသင်းတို့ ပါ၀င်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့်အသင်းများကို လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

ဒီဇင်ဘာလ ၃၀ရက်နေ့တွင်လည်း မြို့နယ်အားကစားကွင်းအတွင်း၌ မီတာ၅၀၀၀ အပြေးပြိုင်ပွဲ၊ အပ်ထိုးပြိုင်ပွဲ၊ အိတ်စွပ်ပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲများကို ဆက်လက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါသည်။

ခရိုင်(ပြန်/ဆက်)