(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ စည်ကားသိုက် မြိုင်စွာကျင်းပ

ကျွန်းလှ ဇန်နဝါရီ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် လူငယ်လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများ အားကစား လေ့ကျင့်လိုက်စားတတ်စေရန်၊ လွတ်လပ်ရေးနေ့ကို အမှတ်ရစေပြီး တန်ဘိုးထားတတ်‌စေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

အားကစားပြိုင်ပွဲများအဖြစ် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ၊ လွန်တွဲပြိုင်ပွဲ၊ မီနီမာရသွန်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ Myanmar Fitness Dance ၊ ပြေးခုန်ပစ်ပြိုင်ပွဲများ ကျင်းပကြောင်း မြို့နယ်အားကစားမှူး ‌ဒေါ်နွယ်နွယ်ထွန်းက ပြောကြားသည်။

အဆိုပါ အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၂၈ ရက်မှ ဇန်နဝါရီ ၃ ရက်နေ့အထိ ကျင်းပလျက်ရှိပြီး ဆုအားကစားအသင်းများနှင့် အားကစားသမားများအား လွတ်လပ်ရေးနေ့အခမ်းအနား၌ ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ