သဲကုန်း ဇန်နဝါရီ ၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင်၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယနေ့နံနက် ၁၀ အချိန် နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးယဥ်ထွေးက (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး သက်ဆိုင်ရာဌာနများအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ကြိုတင်ပြင်ဆင်ထားရှိရန်၊ မိမိတို့ရုံးဌာနအလိုက် ရောင်စုံအလှမီးများ ထွန်းညှိထားရန်၊ နိုင်ငံတော်အလံလွှင့်ထူထားကြရန်ကိစ္စနှင့် အားကစားပြိုင်ပွဲများ ပျော်ရွှင်စွာကျင်းပနိုင်ရေးပြောကြားပြီး အစည်းအဝေးသို့ တက်ရောက်လာသော မြို့နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို အသီးသီးဆွေးနွေးတင်ပြကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေးက လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ကိုကျော် (ပြန်/ဆက်)