ပဲခူး ဇန်နဝါရီ ၂
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးသည် တိုင်းဦးစီးမှူး၊ ခရိုင်ဦးစီးမှူး၊ ထပ်ဆင့်လွှင့်စက်ရုံဝန်ထမ်းများ၊ MRTV ပဲခူးဗျူရိုမှဝန်ထမ်းများ၊ ခရိုင်အတွင်းရှိ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ ပြန်ကြားရေးနှင့်အသိပညာပေးလုပ်ငန်းများကို ထိရောက်အောင်ဆောင်ရွက်ရေး၊ ရုံးများအား သန့်ရှင်းသပ်ရပ်ပြီး စာကြည့်တိုက်သို့ လူငယ်များနှင့် ပြည်သူများလာရောက်၍ စာဖတ်၊ စာငှားမှု တိုးတက်အောင်ဆောင်ရွက်ရေး၊ ခေါင်းဆောင်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် လုပ်ဆောင်ရမည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ရေး၊ စိတ်ကောင်းစေတနာကောင်းထားလျက် ဝန်ထမ်းကောင်းပီသအောင် ကျင့်ကြံလုပ်ဆောင်ရေး၊ မိမိတို့ကိုယ်တိုင်က စာအုပ်စာစောင်များကို အမြဲတစေလေ့လာဖတ်ရှုပြီး အရည်အချင်းပြည့်ဝသည့် ပြည်သူ့ဆက်ဆံရေးမှူးကောင်းများဖြစ်အောင် ကြိုးစားရေးတို့ကို မှာကြားခဲ့သည်။ ထို့နောက် ဝန်ထမ်းများ၏ တင်ပြချက်များအား ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)