မြို့သစ် ဇန်နဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသားကျောင်းသူ၊ လူငယ်လူရွယ်များ လွတ်လပ်ရေးနှင့်ပတ်သက်သည့် ဗဟုသုတများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ စီစဉ်ထုတ်ဝေသည့် ၂၀၂၄ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၄ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅) ရပ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်၊ မြန်မာနိုင်ငံသားတို့၏ မွေးရာပါတာဝန်၊ ပြည်တွင်းစည်းလုံးညီညွတ်မှုကသာလျှင် အဓိကအကျဆုံးဖြစ်၊ ရှေ့သို့လှမ်းချီ ပန်းတိုင်ဆီ၊ ကဗျာဆရာမြင်းမူမောင်နိုင်မိုး၏ “ လွတ်လပ်ရေးဆိုသည်မှာ” ကဗျာ၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကာတွန်းသရုပ်ဖော်နှင့် ဆောင်ပုဒ်များ ထည့်သွင်းဖော်ပြထားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကျောင်းသား ကျောင်းသူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)