တနင်္သာရီ ဇန်နဝါရီ ၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များရောဂါကင်းရှင်းပြီး ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရေးအတွက် မွေးကင်းစမှ၍ အသက်(၃)နှစ်အတွင်း ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး/ ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးခန်းအတွင်း ယနေ့နံနက် ၈ နာရီအချိန်မှစ၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းကို မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန တာဝန်ခံသားဖွားဆရာမ ဒေါ်မာမာခိုင်နှင့်ဝန်ထမ်းများက မွေးကင်းစမှ အသက်(၃)နှစ်အရွယ်အထိ ကလေးများအား ဘီစီဂျီ၊ ဆုံဆို့ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုး စပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုပ်ရောင်(PCV)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ(ရိုတာကာကွယ်ဆေး)၊ ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေး(၉)မျိုးစပ်နှင့် ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေးတို့ကို အသက်အပိုင်းခြားအလိုက် ထိုးနှံပေးခြင်းနှင့်တိုက်ကျွေးခြင်းလုပ်ငန်းကို ကလေးငယ်(၂၁၅)ဦးအား ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်း၊ အဆိုပုံမှန်ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းကို လစဉ် လဆန်းတစ်ရက်နေ့တွင် ထိုးနှံပေးလျက်ရှိကြောင်း တာဝန်ခံသားဖွားဆရာမထံမှ သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)