တနင်္သာရီမြို့တွင် ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

တနင်္သာရီ ဇန်နဝါရီ ၁

၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီအချိန်က အ-ထ-က-တနင်္သာရီမှ ဆရာ/မများနှင့်ကျောင်း သူ/သားများအား အခမဲ့ဖြန့်ဝေပေးကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ပြည်တွင်း စည်းလုံးညီညွတ်မှုကသာလျှင် အဓိကအကျဆုံးဖြစ် ဆောင်းပါး၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅)ရပ်၊ (၂၀-၁-၁၉၄၆)ရက်နေ့၊ အလယ်ပစ္စယံညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော အမျိုးသားညီညွတ်ရေး မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်၊ ကဗျာ၊ကာတွန်းနှင့် ဆောင်ပုဒ်များ…စသည့် စိတ်ဝင်စားဖွယ် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)