လက်ပံတန်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင်  ဝန်ထမ်းများ ကျောင်းသားကျောင်းသူများအား အခြေခံစားသုံးကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

လက်ပံတန်း ဇန်နဝါရီ ၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပဲခူးတိုင်းဒေကြီးအစိုးရအဖွဲ့လမ်းညွှန်စီစဉ်မှုအရ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား သက်သာသောစျေးနှုန်းဖြင့် ဆန်၊ ဆီ၊ ကြက်သား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များကို ယနေ့နံနက်ပိုင်းက ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ GTI ကျောင်းရှိဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန် မနောသုခဆန်တစ်ပြည်လျှင်(၂၈၀ဝိ/-)ကျပ်နှုန်းဖြင့် ဆန်(၅)အိတ်၊ ငါး(၁)ပိဿာ(၆၂၀ဝိ/-)ကျပ်နှုန်းဖြင့် (၃၅)ပိဿာ၊ စားအုန်းဆီ(၁)ပိဿာ၊ (၅၃၀ဝိ/-)ကျပ်နှုန်းဖြင့် (၁၀၀)ပိဿာ၊ ကြက်ဥ(၁)လုံး(၂၀ဝိ/-)ကျပ်နှုန်းဖြင့်(၁၅၀၀)လုံး၊ ပန်းဂေါ်ဖီ၊ မုန်လာဥနှင့် ဟင်းသီးဟင်းရွက်(၁၀)မျိုးကို  ဖြန့်ဝေရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါဈေး ရောင်းချပေးနေမှုကို သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မြို့နယ် ( ပြန် / ဆက်)