အုတ်တွင်းမြို့နယ် ညောင်ခြေထောက်စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၌ အခြေခံစားသောက်ကုန်များအား ပြင်ပထက်သက်သာသောဈေးနှုန်းဖြင့် သွားရောက်ရောင်းချပေး

အုတ်တွင်း ဇန်နဝါရီ ၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ အခြေခံစားသောက်ကုန်များကို ပြင်ပထက်သက်သာသောဈေးနှုန်းဖြင့် ညောင်ခြေထောက်စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက သွားရောက်ရောင်းချပေးလျက်ရှိသည်။

အဆိုပါ အခြေခံစား‌သောက်ကုန်စည်များရောင်းချရာ၌ ညောင်ခြေထောက်စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းမှ ဆရာ ဆရာမများနှင့်ကျောင်းသား ကျောင်းသူများအား ပြင်ပထက်သက်သာသော ဆန်တစ်ပြည် ငွေကျပ် ၂၇၀၀၊ စားဆီတစ်ပိဿာ ငွေကျပ် ၅၃၀၀၊ ကြက်ဥတစ်လုံး ငွေကျပ် ၁၈၀၊ ငါးကြင်း/ငါးမြင်းတစ်ပိဿာ ငွေကျပ် ၅၀၀၀နှုန်းနှင့်ဟင်းသီးဟင်းရွက်များပါ စျေးနှုန်း ချိုသာစွာရောင်းချပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အေမင်းရည်စော(ပြန်/ဆက်)