ရေစကြို ဇန်နဝါရီ ၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၉ နာရီအချိန်က (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် သတင်းစကားလက်ကမ်းစာစောင်များကို အ.ထ.က(၁)အခြေခံပညာအထက်တန်းကျောင်းတွင်းရှိ ကျောင်းသား/သူများထံသို့ ဖြန့်ဝေမှုများ ပြုလုပ်ခဲ့သည်။
အဆိုပါ လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် ကျောင်းသားလူငယ်များအား အသိပညာတိုးပွားစေရေး၊ လွတ်လပ်ရေးအတွက် ရာစုနှစ်နှင့်ချီ၍ အသက်၊ သွေး၊ ချွေးတို့ပေးဆပ်ကာ ရုန်းကန်ကြိုးပမ်းခဲ့ကြသော ဘိုးဘွားတို့၏ ကျေးဇူးတရားတို့ကို အောက်မေ့သတိရကြရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ စီစဉ်ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်များကို ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ရုံးမှ ဝန်ထမ်းများက အခမဲ့ဖြန့်ဝေခဲ့သည်။ လက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားဦးတည်ချက်များ၊ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့ အလယ်ပစ္စယံညီလာခံ၌ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ (၄-၁-၂၀၂၃)ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ ပြည်တွင်းစည်းလုံးညီညွှတ်မှုသာလျှင်အဓိကအကျဆုံးဖြစ်ကြောင်း ဆောင်းပါး၊ ကာတွန်းနှင့်ကဗျာ စသည့်အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။
မောင်လုလင်(ရေစကြို)