ရွှေကျင်မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ရွှေကျင် ဇန်နဝါရီ ၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့မွန်းတည့်(၁၂)နာရီအချိန်က အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ၏ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က (၄-၁-၂၀၂၃)ရက်နေ့ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာမှကောက်နုတ်ချက်၊ ပြည်တွင်းစည်းလုံးညီညွတ်မှုကသာလျှင်အဓိကအကျဆုံးဖြစ် ဆောင်းပါး၊ လွတ်လပ်ရေးဆိုသည်မှာ ကဗျာ၊ ကာတွန်းနှင့် ဆောင်ပုဒ်များ၊ လွတ်လပ်ရေးနှင့်အချုပ်အခြာမျိုးချစ်စိတ်နှင့်ကာကွယ်ပါ၊ အမျိုးသားညီညွတ်ရေးစသည့် အကြောင်းအရာများဖြင့် ဝေ‌ဝေဆာဆာ ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)