(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အသိပညာပေးဖြန့်ဝေ

ဘုတ်ပြင်း   ဇန်နဝါရီ     ၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှထုတ်ဝေသည့် သတင်းစကားလက်ကမ်း စာစောင်များကို ယနေ့နံနက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အခြေခံပညာကျောင်းများတွင် အသိပညာပေး ဖြန့်ဝေပေးလျက်ရှိသည်။

အဆိုပါလက်ကမ်းစာစောင်တွင် ဗိုလ်ချုပ်အောင်ဆန်း  ၂၀.၁.၂၀၄၆ ရက်နေ့ အလယ်ပစ္စယံညီလာခံ၌ ပြောကြားသောမိန့်ခွန်းမှ ကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၄.၁.၂၀၂၃ ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့အခန်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေး နေ့ အမျိုးသားရေး ဦးတည်ချက်၊ ပြည်တွင်းစည်းလုံးညီညွှတ်မှုသာလျှင် အဓိကအကျဆုံးဖြစ်  ဆောင်ပါး၊ မြန်မာနိုင်ငံသားတို့၏ မွေးရာပါတာဝန် မြင်းမူမောင်နိုင်မိုး ရေးသားသည့် လွတ်လပ်ရေးဆိုသည်မှာ ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များဆောင်ပုဒ်များစသည် တို့ပါဝင်သည့်လက်ကမ်းစာစောင်များကို အသိပညာပေး ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)