ဆင်ပေါင်ဝဲမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ

ဆင်ပေါင်ဝဲ ဇန်နဝါရီ ၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်စိုးက လမ်းညွှန်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အားကစာမှူး ဦးကျော်ဇင်ဖြိုးက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဥ်းစည်းကမ်းများအား ပြောကြားခဲ့ကြကြောင်း သိရသည်။

ဆက်လက်ပြီး ပြိုင်ပွဲအား ယနေ့နံနက်က Group(A) အသင်းနှင့် Group(B) အသင်းတို့ ယှဥ်ပြိုင်ခဲ့ကြကြောင်းနှင့် ပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းများအား(၇၆)နှစ်​မြောက်လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများပေးအပ်သွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ပျော်ပွဲရွှင်ပွဲများအား မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဦးကျော်ဇင်ဖြိုးထံမှ သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)