ရွှေသောင်ယံ ဇန်နဝါရီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ကမ်းခြေတွင် ၂၀၂၃ မှ ၂၀၂၄ နှစ်ကူးကာလကို ကြိုဆိုရန်အပန်းဖြေလာရောက်ကြသောဧည့်သည်များ ကမ်းခြေတွင် အေးချမ်းပျော်ရွှင်စွာ အနားယူလျက်ရှိသည်ကို တွေ့ရသည်။
ရွှေသောင်ယံကမ်းခြေတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေကြသော ခရီးသွားဧည့်သည်များ၏ ရေကူးအပန်းဖြေပုံရိပ်များ၊ လမ်းလျှောက်ခြင်းများ၊ ညပိုင်းတွင် ဟိုတယ်များမှ စီစဉ်ပေးထားသောကာရာအိုကေသီဆိုမှုများ၊ မီးပုံပွဲများပြုလုပ်ကာ သူ့အုပ်စုနှင့်သူနှစ်သစ်ကို အေးချမ်းပျော်ရွှင်စွာ ကြိုဆိုခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့အတူဒေသခံများမှလည်း ကမ်းခြေမီးပုံပွဲများပြုလုပ်၍သော်လည်းကောင်း၊ မိမိတို့ရပ်ကွက်နေအိမ်ရှေ့များ၌ အစားအသောက်ဝိုင်းဖွဲ့၍လည်းကောင်း ၂၀၂၄ နှစ်သစ်ကိုပျော်ရွှင်ခြင်းများဖြင့် အေးချမ်းစွာကြိုဆိုခဲ့ကြကြောင်း သိရသည်။
ရွှေသောင်ယံ (ပြန်/ဆက်)