ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီအဖွဲ့ဝင်များက သာပေါင်းမြို့နယ်၊ သံလျှက်စွန်း ကျေးရွာတွင် ဆောင်းနေကြာ စံပြ (၁၀) ဧက စိုက်ပျိုးဖြစ်ထွန်းနေမှုအား ကြည့်ရှုစစ်ဆေး

သာပေါင်း ဇန်နဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သံလျှက်စွန်းကျေးရွာတွင် ဆောင်းနေကြာ စံပြ (၁၀) ဧက စိုက်ပျိုးနေမှုအား ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီအဖွဲ့ဝင်များက ဒီဇင်ဘာ ၃၀ ရက်နေ့နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန်က ကြည့်ရှုစစ်ဆေးခဲ့သည်။

ပုသိမ်ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီအဖွဲ့ဝင်၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဦးစီးမှူးဒေါက်တာသိန်းဆွေဦး၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီအဖွဲ့ဝင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဦးစီးမှူးဒေါက်တာကျော်လင်းတို့မှ သဲဖြူကျေးရွာအုပ်စု၊ သန်လျက်စွန်းကျေးရွာ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စံပြနေကြာ (၁၀) ဧက စိုက်ပျိုးဖြစ်ထွန်းနေမှုအား ကြည့်ရှူစစ်ဆေးပြီး သားခွဲရန်၊ မြေသြဇာကျွေးရန်၊ ရေလောင်းရန်၊မြေဆွရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)