သရက်ချောင်းမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို (အလွတ်တန်း)စားပွဲတင်တင်းနစ်ပြိုင်ပွဲကျင်းပ

သရက်ချောင်း   ဇန်နဝါရီ  

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင်(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို (အလွတ်တန်း)စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ မြို့မရပ်ကွက်ရှိ မိုးလုံလေလုံအားကစားခန်းမ၌ စတင်ယှဉ်ပြိုင် ကစားခဲ့သည်။

အဆိုပါ(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို (အလွတ်တန်း)စားပွဲတင် တင်းနစ်ပြိုင်ပွဲကို မြို့နယ်အတွင်းမှ အသင်း(၈) သင်းတို့မှ အားကစားသမားများက စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပါဝင်ယှဉ်ပြိုင်လျက်ရှိရာ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပြိုင်ပွဲကို ဇန်နဝါရီလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ပါဝင်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးဇေယျာဌေးထံမှ သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)