မြိတ်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ကျင်းပ

မြိတ်  ဇန်နဝါရီ   ၁

မြိတ်တက္ကသိုလ်တွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မျိုးဆက်သစ် တက္ကသိုလ် ဘော်လီဘော အားကစားသမားများ မွေးထုတ်ပေးနိုင်ရန်အတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားအမျိုးသမီး ဘော်လီဘော အားကစားပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက တက္ကသိုလ် အားကစားခန်းမတွင် ကျင်းပခဲ့သည်။

ဘော်လီဘော အားကစားပြိုင်ပွဲကို  မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဝင်းဝင်းသန်းက အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲဝင် အားကစားသမားများက အားကစား သစ္စာအဓိဋ္ဌာန် ရွတ်ဆို၍ ပြိုင်ပွဲ စတင်ခဲ့ကြသည်။

ပြိုင်ပွဲပထမပွဲစဉ်အဖြစ် ဓာတုဗေဒဌာနအသင်းနှင့် သတ္တဗေဒဌာနအသင်းတို့ စတင်ယှဉ်ပြိုင် ကစားခဲ့ကြရာ မြိတ်တက္ကသိုလ် ပါမောက္ခ ချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဆရာ/မများနှင့် ကျောင်းသား/သူများက ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါပြိုင်ပွဲကို ဘာသာရပ်ပေါင်းစုံမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း(၈)သင်းနှင့် အမျိုးသမီးအသင်း(၆)သင်း၊ ပြိုင်ပွဲဝင် အားကစားသမား (၁၄၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကို ဇန်နဝါရီ (၁)ရက်မှ(၆)ရက် နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)