တိုင်းဒေသကြီးဝန်ကြီးချုပ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကွန်ကရစ်ဘီးလမ်းဖွင့်ပွဲအား တက်ရောက်ဖွင့်လှစ်ပေး

ပုသိမ်   ဒီဇင်ဘာ  ၃၁

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ပုသိမ်မြို့နယ်အတွင်းရှိ ကွန်ကရစ်ဘီးလမ်းဖွင့်ပွဲများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ် ပေးခဲ့ပြီး အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် အရေး၊ အဖတ်နှင့် အတွက်အချက်များအား ဆရာ၊ ဆရာမများက ဒေသခံပြည်သူများအား သင်ကြားပေးနေမှုများကို ကြည့်ရှုအား ပေးခဲ့သည်။

ဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာအုပ်စု၊ ကျောက်စရစ်ကုန်း ကျေးရွာ ကွန်ကရစ်ဘီးလမ်းဖွင့်ပွဲအား တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ခဲ့ကာ ကွန်ကရစ်ဘီးလမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါလမ်းသည် ပုသိမ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)ဖြင့်ဆောင်ရွက်ခဲ့ပြီး အလျား (၁၃၈၅) ပေ၊ အနံ (၂)ပေ (၆)လက်မနှင့် အမြင့် (၆)လက်မထုရှိကြောင်းသိရသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာ၊ အမှတ်(၂၃၀)အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းအဖြစ် အရေး၊ အဖတ်နှင့် အတွက်အချက်များအား ဆရာ၊ ဆရာမများက ဒေသခံ ပြည်သူများအား သင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အာဟာရဖြည့်စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ပုသိမ်မြို့နယ်၊ မဒေါ့ကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကုန်း ကျေးရွာ ကွန်ကရစ်ဘီးလမ်းဖွင့်ပွဲအား တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ခဲ့ကာ ကွန်ကရစ်ဘီးလမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ပုသိမ်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP)ဖြင့် ဆောင်ရွက်ခဲ့ပြီး အလျား (၁၂၀၀) ပေ၊ အနံ (၃)ပေနှင့်  အမြင့် (၆)လက်မ ထုရှိကြောင်း သိရသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်၊ မဒေါကုန်းကျေးရွာ၊ ရွှေစံအိမ်စာကြည့်တိုက်နှင့် ပုသိမ်မြို့၊ အမှတ်(၆)ရပ်ကွက် ကုသိနာရုံ ဓမ္မဗိမာန်တော်တို့တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် အရေး၊ အဖတ်နှင့် အတွက် အချက်များကို ဆရာ၊ ဆရာမများက ပြည်သူများအား သင်ကြားပေးနေမှုများကို ကြည့်ရှု အားပေးခဲ့ပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ ပြုလုပ်သည့် (၇၆)နှစ်မြောက် လွတ်လပ် ရေးနေ့အထိမ်းအမှတ် (အထက်တန်းအဆင့်) စာစီစာကုံး၊ ကဗျာနှင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရ သည်။

လှမင်းထွဋ်(ပြန်/ဆက်)