ရွှေတောင် ဒီဇင်ဘာ ၃၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်၊ ကသဲတန်းလမ်း၊ သာသနာ့ဗိမာန်တော်၌ ယမန့်နေ့ နေ့လယ်ပိုင်းက ၂၀၂၂ခုနှစ်၊ စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်အပ်သော သာသနဓဇဓမ္မာစရိယဂုဏဝိသိဌပူဇာသဘင်နှင့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်သံဃနာယက ဆရာတော်ကြီးများထံမှ သြဝါဒတရားနားယူပြီး ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
ဆက်လက်၍ စာအောင်ရဟန်း၊သာမဏေ၊သီလရှင်များအား နိုင်ငံတော်မှလှူဒါန်းသည့် ဝတ္ထုငွေနှင့် ဘွဲ့လက်မှတ်များ ဆက်ကပ်လှူဒါန်းခြင်း၊ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများမှ လှူဒါန်းသော အလှူငွေကျပ် (၉၁၀၀၀၀ိ/-) ကျပ်၊အလှူရှင် အသီးသီးတို့က စာအောင်ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား အလှူငွေ နှင့်လှူဖွယ်ဝတ္ထုအစုစုတို့အား လှူဒါန်းပူဇော်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ရွှေတောင်မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်နှင့် အဖွဲ့ဝင်များ၊ ကျောင်းတိုက်အသီးသီးရှိ ဆရာတော်ကြီးများ၊ စာအောင်ရဟန်း၊ သာမဏေ၊ သီလရှင်များ၊ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သာသနာ့ဗိမာန်အကျိုးတော်ဆောင်အဖွဲ့နှင့် ပရိတ်သင်းသူများ၊ အလှူရှင် ဒါယိကာ၊ဒါယိကာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)