(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်  အမျိုးသား(၃)ယောက်တွဲ ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့်ရပ်ကွက်/ကျေးရွာပေါင်းစုံ ဖိတ်ခေါ် အမျိုးသား(၄)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ဘုတ်ပြင်း   ဒီဇင်ဘာ  ၃၁ 

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်မြို့တွင်၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့ ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား(၃)ယောက်တွဲ ဌာနပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲနှင့်ရပ်ကွက်/ကျေးရွာပေါင်းစုံ ဖိတ်ခေါ် အမျိုးသား(၄)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့ညနေက မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးက  အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် စစ်ကြောင်းမှူးက ဦးဆောင်၍ ပြိုင်ပွဲဝင်းအသင်းများက တန်းအပ်ခြင်း၊ အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဋ္ဌာန်ကို စုပေါင်းရွတ်ဆိုကြပြီး  ပြိုင်ပွဲဝင် အသင်းများက ပြိုင်ပွဲကို ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ထိုနောက် အုပ်စု အဖွင့်ပွဲစဉ်အဖြစ် အမျိုးသား(၄)ယောက်တွဲပြိုင်ပွဲတွင် တောင်းဒဂုံအသင်းနှင့် ခဲမိုင်းကျေးရွာအသင်းတို့ ယှဉ်ပြိုင်ကစားနေ့မှုနှင့် အမျိုးသား(၃)ယောက်တွဲပြိုင်ပွဲတွင် ထွေ/အုပ်(ခ)အသင်းနှင့်စိုက်ပျိုးရေး အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာများမှ အားကစားဝါသနာရှင်များ၊ ပြိုင်ပွဲအားကစားသမားများက ကြည့်ရှုအားပေးခဲ့သည်။

ပြိုင်ပွဲကို ရပ်ကွက်/ကျေးရွာပေါင်းစုံ ဖိတ်ခေါ်အမျိုးသား(၄)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင်းပြိုင်ပွဲဝင် အသင်း(၁၂) သင်း နှင့် အမျိုးသား(၃)ယောက်တွဲ ဌာနပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း(၈)သင်း ပါဝင်ယှဉ်ပြိုင်ကစားကြပြီး ပြိုင်ပွဲများအလိုက် ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)