(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျပန်း၊ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲများကျင်းပ

မော်လိုက် ဒီဇင်ဘာ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံလမ်းညွှန်ချက်ဖြင့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ခရိုင်အဆင့် ကျပန်း၊ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ.ထ.ကကျောင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ပြိုင်ပွဲများသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်းနှင့်အဖွဲ့ဝင်များက  လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အထက်တန်း)အဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူစုစုပေါင်း (၁၂)ဦးတို့ကလည်းကောင်း၊ (ထက်၊လယ်)အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၂၈)ဦးတို့ကလည်းကောင်း၊ (ထက်၊လယ်၊မူ) အဆင့် ပန်းချီပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၄၆)ဦး၊ (ထက်၊လယ်၊မူ)အဆင့် ကာတွန်းပြိုင်ပွဲတွင် (၂၄)ဦး တို့ကလည်းကောင်း အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)