(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် (အကြို) မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပ

ကြံခင်း ဒီဇင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) မြို့နယ်အဆင့်စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက (အ.ထ.က-၁)ကျောင်းအောင်ကျော်ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ထိုသို့ကျင်းပရာတွင် မြို့နယ်ပညာရေးမှူး ဒေါ်ဌေးဌေးဦးဆောင်ကြီးကြပ်မှုဖြင့်  မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ  ဆရာကြီး၊ ဆရာမကြီးများ ပူးပေါင်းပြီး  အထက်တန်းဆင့် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲများ ကျင်းပကြရာ မြို့နယ်အတွင်းရှိ ကျောင်းများမှ ကျောင်းသား/သူ (၄၇)ဦးတို့ ဝင်ရောက် ယှဉ်ပြိုင်ကြသည်။

ထိုသို့ ယှဉ်ပြိုင်ကြရာ အထက်တန်း/ အလယ်တန်း/မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် "လွတ်လပ်ရေးနေ့နှင့် နိုင်ငံသားတိုင်းတာဝန်"၊ "လွတ်လပ်ရေးအမွေထိန်းသိမ်းစို့လေ"၊  "မိုးသို့လွင့်ပျံ လွတ်လပ်ရေးအလံ" ခေါင်းစဉ်များဖြင့်လည်းကောင်း၊ အထက်တန်းဆင့် ကဗျာပြိုင်ပွဲတွင် "ထိန်းသိမ်းစောင့်ရှောက်ကြစေ လွတ်လပ်ရေးအမွေ" ခေါင်းစဉ်နှင့် ကျပန်းစကားပြောပြိုင်ပွဲတွင် "(၇၆)နှစ်မြောက်မွေးနေ့မှသည် ကမ္ဘာတည်သရွေ့ လွတ်လပ်ရေးအမွေကို ထိန်းသိမ်းကြပါစို့"၊  လွတ်လပ်ရေးသည် နိုင်ငံတော်၏ အသက်သွေးကြောဖြစ်သည်”၊ လွတ်လပ်ရေးကိုအခြေတည်   သွေးစည်းချစ်ကြည် လက်တွဲညီကြသည်” ခေါင်းစဉ်များအား မဲနှိုက်၍ ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် အဆိုပါ ပြိုင်ပွဲများတွင် (ပထမ၊ ဒုတိယ၊ တတိယ) ဆုများရရှိကြသော ကျောင်းသား/သူများအား ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)