စစ်ကိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခြေခံကွန်ပျူတာ(အခမဲ့) သင်တန်း(၁/၂)သင်တန်းဖွင့်လှစ်

စစ်ကိုင်း ဖေဖော်ဝါရီ  ၂၆

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံကွန်ပျူတာ(အခမဲ့) သင်တန်း(၁/၂)သင်တန်းကို ယနေ့ နံနက်(၉)နာရီက ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဇာနည်ဝင်းက “မိမိတို့ဌာနအနေဖြင့် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းပြီး (အခမဲ့) သင်တန်းမျိုးစုံ ဖွင့်လှစ်ပေးနေခြင်းဖြစ်ကြောင်း၊ ယခုဖွင့်လှစ်တဲ့ အခြေခံကွန်ပျူတာသင်တန်းဟာ အခမဲ့ဆိုသော်လည်း လူငယ်/ လူရွယ်များအတွက် အလွန်တန်းဖိုးရှိတဲ့ ပညာရပ်ဖြစ်တာနဲ့အညီ စိတ်ဝင်စားစွာ သင်ယူသွားပါ။ သင်တန်းပြီးဆုံးသွားတဲ့ အခါမှာလည်း မိမိတို့ရဲ့ ပညာရပ်တွေကို လေ့ကျင့်သင်ကြားလိုလျှင်လည်း လူထုအခြေပြုဗဟိုဌာနမှာ ညှိနှိုင်းဆောင်ရွက်ပြီး လေ့ကျင့်သွားနိုင်မှာဖြစ်ကြောင်း" ပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာ ဦးဖုန်းမြတ်ဇော်က "မိမိသင်ယူတတ်မြောက်ထားသည့် ကွန်ပျူတာပညာရပ်တွေကို မျှဝေပေးသွားတာဖြစ်တဲ့အတွက် တန်ဖိုးထားသင်ယူသွားကြပါ” ဟု ပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ သင်တန်းသား/သင်တန်းသူ (၃၁) ဦးတက်ရောက်ကြပြီး နေ့စဉ် နံနက်(၉)နာရီမှ နေ့လယ် (၁၂) နာရီအထိ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ တစ်လခွဲကြာ သင်ကြားပြသ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်မြင့်နိုင်