တမူးမြို့တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဝန်ထမ်းပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပ

တမူး  ဒီဇင်ဘာ   ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင်(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဝန်ထမ်းပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲကို ဒီဇင်ဘာလ(၂၉)ရက်နေ့ နံနက်(၉) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပိုက်ကျော်ခြင်းကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ ပြိုင်ပွဲဝင်အသင်း( ၇) သင်းတို့ဖြင့် ဒီဇင်ဘာ(၃၀) ရက်နေ့ထိ (၂) ရက်ကြာကျင်းပသွားမှာဖြစ်ပြီး ဆုရရှိကြသည့် ပြိုင်ပွဲဝင်အသင်း များအား ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ရတနာ