မြိတ် ဒီဇင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်ဟောပြောပွဲ၊ ဥာဏ်စမ်းပြိုင်ပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီအချိန်က မြိတ်မြို့၊ အ.လ.က(၁)ကျောင်းနှင့် အ.ထ.က(၂) ကျောင်းတို့၌ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝါဝါခိုင်က လွတ်လပ်ရေးနေ့တို့မမေ့ခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊ ဉာဏ်စမ်းပြိုင်ပွဲများ ဆောင်ရွက်ခြင်း၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ နံရံကပ်စာစောင်များပြသခြင်းနှင့် ဥာဏ်စမ်းပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ဆုများပေးအပ်ကာ ဝန်ထမ်းများက အဆိုပါကျောင်းများရှိ ကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ဆရာမများအား သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြိတ်ခရိုင်(ပြန်/ဆက်)