ပဲခူးမြို့၌ (၇၄)ကြိမ်မြောက် (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၂၉

ပဲခူးမြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဝိုင်အမ်ဘီအေ)မှ ကြီးမှူးကျင်းပပြုလုပ်သည့် (၇၄)ကြိမ်မြောက် (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲအား ဒီဇင်ဘာလ(၂၉)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့ရှိ  ဘုန်းကြီးကျောင်းများ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ (၃၈)ဖြာမင်္ဂလာတရားတော်နှင့်ဗုဒ္ဓဝင်စာမေးပွဲဖြေဆိုဌာနများဖြစ်ကြသည့် မင်္ဂလာရာမကျောင်းတိုက်၊ အေးစေတီကျောင်းတိုက်နှင့် ကိုးသိန်းကိုးသန်း ဓမ္မစက္ကစေတီတော်တို့ရှိ စာဖြေဌာန(၃)ခုတို့၌ ပဲခူးမြို့နယ်ရှိကျောင်းသား/သူ(၁၅၀)ဦး ဝင်ရောက်ဖြေဆိုကြကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)