ကသာမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ကျပန်းစကားပြောပြိုင်ပွဲ များကျင်းပ

ကသာ ဒီဇင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ခရိုင်ပြန်/ဆက်ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲတွင် ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက အဖွင့်အမှာစကားပြောကြားခဲ့သည်။ အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ကျောင်းသား/ ကျောင်းသူများက “လွတ်လပ်ရေးနေ့မြတ်နှင့် အမျိုးသားရေး စိတ်ဓာတ်”၊ “ထွဋ်မြတ် စံတည် လွတ်လပ်မြန်မာပြည်” နှင့် မမေ့အပ်ပေ လွတ်လပ်ရေးအမွေ” ခေါင်းစဉ် များဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့် အဖွဲ့ဝင်များက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပသည့် ကျပန်း စကားပြောပြိုင်ပွဲကျင်းပနေမှုကို လည်းကောင်း၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပသည့် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုတို့ကို လည်းကောင်း လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရသည်။

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ကျပန်းစကားပြော ပြိုင်ပွဲတို့တွင် ကသာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူ (၉၈) ဦးတို့ပါဝင် ယှဉ်ပြိုင်ကြပြီး ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပရေးကော်တီ အဖွဲ့ဝင်များက အကဲဖြတ်အမှတ်ပေး ဆုများရွေးချယ်၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျင်းပမည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား၌ ဆုများအသီးသီးချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။                    

ခရိုင်(ပြန်/ဆက်)