လူထုအခြေပြုဗဟိုဌာန၌ လူငယ်များနှင့် အသိပညာဆည်းပူးခြင်း ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကျင်းပ

ကန့်ဘလူ ဒီဇင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ Book Club အသင်းနှင့် ကျောင်းသားလူငယ်များ ပူးပေါင်း၍ စာဖတ်သည့် အလေ့အကျင့်ကောင်းများနှင့် စာပေအသိပညာများ ပြန်လည်မျှဝေတတ်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။

ရှေးဦးစွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသား လူငယ်များ စာပေဖတ်ရှုသည့် အကျိုးကျေးဇူး၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေပြီး အပြန်အလှန်ဆွေးနွေးတတ်စေရန် တို့ကို ရှင်းလင်းပြောကြားကာ အားလပ်ရက်များတွင် ပြည်သူ့စာကြည့်တိုက်ရှိ သုတရသစာပေကောင်းများကို လာရောက်ဖတ်ရှုကြရန် ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)၊ အမှတ်(၂၃)မှ ဆရာမောင်မောင်မြင့်သိန်း (စက်မှု တက္ကသိုလ်)၏ လူငယ်များနှင့် အသိပညာဆည်းပူးခြင်း ဆောင်းပါးအား ဖတ်ကြားပြီး မိမိတို့ သိရှိလိုသည်များကို ဂဃနဏသိရှိရန် မေးမြန်းရန်ဝန်မလေးဖို့၊ ကြိုးပမ်းအားထုတ်မှုဖြင့် အောင်မြင်မှုသို့ တက်လှမ်းနိုင်ပုံများ၊ အမြဲမပြတ် ဆည်းပူးလေ့လာသင်ယူရန် လိုအပ်ပုံများနှင့် ခေတ်မီတိုးတက်နေသော အသိပညာခေတ်တွင် စာအုပ်များ၊ သတင်းစာများ၊ ပညာရပ်ဆိုင်ရာ မဂ္ဂဇင်းများ ဖတ်ရှုလေ့လာရန်လိုအပ်ပုံများကို အမြင်ချင်းဖလှယ် အပြန်အလှန်ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)