တောင်တွင်းကြီးမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အမျိုးသားအလွတ်တန်းဘောလီဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပ

တောင်တွင်းကြီး ဒီဇင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသက်(၂၅)နှစ်အောက် အမျိုးသားဘောလီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၈ရက်နေ့ နေလယ်(၁)နာရီက အောင်မြင်ဇေယျရခိုင်ဘုရားကြီးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဘော်လီဘောပြိုင်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဇင်ဦး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသက်ခိုင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးရဲမြင့်တို့က ဘော်လီဘောပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်(၁)ဗိုလ်မှူးသက်ခိုင်ထွန်းတို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ကြသည်။

ထို့နောက် အုပ်စု(က) ပွဲစဉ်(၁)အဖြစ် ရွှေကြာအင်း(၁) လူငယ်ဘော်လီဘောအသင်းနှင့် ချောင်းနက်လူငယ်ဘော်လီဘောအသင်း၊ မောင်းတိုင်(၂)နှင့် သဖန်းကုန်းလူငယ်ဘောလီဘောအသင်း၊ တောင်ပြင်(၂)နှင့် ဆတ်သွားလူငယ်ဘောလီဘောအသင်း၊ ဘတောင်ပြင်(၁)နှင့် အောင်းစုလူငယ်ဘောလီဘောအသင်းတို့က အုပ်စု(က)ဖွင့်ပွဲအဖြစ် ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ အုပ်စု(ခ) လူငယ်ဘောလီဘောအသင်းများက(၂၉-၁၂-၂၀၂၃)ရက်နေ့တွင်လည်းကောင်း၊ အုပ်စု(ဂ) လူငယ်ဘောလီဘောအသင်းများက (၃၀.၁၂.၂၀၂၃)တွင်လည်းကောင်း အသင်းပေါင်း (၁၂)သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများ ရရှိကြသော ဘော်လီဘောအသင်းများကို (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့တွင် အခမ်းအနားဖြင့် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)