ပေါင်းတည် ဒီဇင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အကြို နယ်လှည့်နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.ကခွဲ(ပေါက်တန်း)၊ အ.မ.က(အရှေ့လမ်း)နှင့်အ.မ.က (ရွှေတည်)တို့တွင် ပြသခဲ့ကြကြောင်းသိရသည်။
ပြပွဲတွင် ၂၀၂၄ ခုနှစ်၊ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်နံရံကပ်စာစောင်နှင့်အတူ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်နှင့် ကျန်းမာရေးအသိပညာပေး နံရံကပ်စာစောင်များပြသပေးခဲ့ပြီး မူလတန်းဆင့်၊ အလယ်တန်းဆင့်နှင့် အထက်တန်းဆင့်ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၀၀ ဦးခန့် တက်ရောက်ကြည့်ရှုခဲ့ကြကြောင်း၊ နံရံကပ်စာစောင်ပါ အကြောင်းအရာများကိုစာကြည့်တိုက်မှူး ဒုတိယဦးစီးမှူးဒေါ်ဝင်းမြသန်းနှင့်ဝန်ထမ်းများက ရှင်းလင်းပြောကြားပေးခဲ့ကြကြောင်း သိရသည်။
သူရကြီး(ပြန်/ဆက်)