ဝါးခယ်မမြို့ Clean City၊ Green City၊ Smart City ဖြစ်စေရေး ကွင်းဆင်းစစ်ဆေး

ဝါးခယ်မ ဒီဇင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့ Clean City ၊ Green City ၊ Smart City ဖြစ်စေရေးအတွက် ဒီဇင်ဘာလ (၂၇)ရက်နေ့နံနက် ၉ နာရီခွဲအချိန်က ဧရာဝတီတိုင်းဒေ‌‌သကြီး စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဒေါ်နော်ကေသီမိုး ဦးဆောင်သော စစ်ဆေးရေးအဖွဲ့မှ လာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြို့နယ်များ Clean City၊ Green City၊ Smart City ဖြစ်စေရေး၊ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး၊ အမှိုက်များကင်းစင်ရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် တိုင်းဒေ‌‌သကြီး စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယ အင်ဂျင်နီယာမှူးကြီး ဒေါ်နော်ကေသီမိုး ဦးဆောင်သော စစ်ဆေးရေးအဖွဲ့သည် မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် အတူ ဝါးခယ်မမြို့၊ မြို့မဈေး၊ ပန်းခြံ၊ မြို့တွင်းလမ်းများနှင့် ရေ‌မြောင်းများ၊ ပျိုးဥယာဉ်နှင့် မြို့ဝင်ပန်းခြံများတွင် သတ်မှတ်စည်းကမ်းများဖြင့် ဆောင်ရွက်ထားရှိမှု ရှိ/မရှိ၊ သန့်ရှင်းသာယာလှပမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)