သဲကုန်းမြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ

သဲကုန်း ဒီဇင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင်  မြို့မဈေး၌  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရည်ရွယ်ချက်ဖြင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က သဲကုန်းမြို့မဈေးကြီး၌ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြပွဲကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်မှုနှင့် တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်များဖြင့် ဈေးအတွင်း လက်တွေ့မီးငြိမ်းသတ် သရုပ်ပြခြင်း၊ ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြိမ်းသတ်နည်းများ၊ မီးသတ်ဆေးဘူးကိုင်တွယ်အသုံးပြုပုံများအား လက်တွေ့ရှင်းလင်း သရုပ်ပြပေးခဲ့သည်။

လက်တွေ့မီးငြိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြပွဲအား သဲကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းဝင်းသိန်းဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ခင်​အေးဝင်း၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဟံအေး၊ မြို့မဈေးကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ  တက်ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ကိုကျော် (ပြန်/ဆက်)