ကလေး ဒီဇင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ပင်စင်လစာ ထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းများအား တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဆန်နှင့်ဆီများကို ယနေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်အရှေ့တွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
အငြိမ်းစားဝန်ထမ်းများအား ဆန်(၂)ပြည်နှင့် ဆီ(၂၅)ကျပ်သားကို မြန်မာ့စီးပွားရေးဘဏ်တွင် လစာလာရောက်ထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းလူဦးရေ(၃၁၀)ဦးအား ခရိုင်/ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် ဆန်ကုန်သည်များအသင်း၊ ဆီကုန်သည်များ အသင်းတို့မှ ပူးပေါင်း၍ တာဝန်ရှိသူများက ပေးခဲ့ကြသည်။
အဆိုပါ ဆန်နှင့်ဆီထောက်ပံ့ပေးအပ်နေမှုကို ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှစိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခရိုင် ( ပြန်/ဆက် )