ပန်းတနော်မြို့၌ Grade - 5 သင်ရိုးသစ် မြို့နယ်အဆင့် နောက်ဆက်တွဲသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ပန်းတနော်  ဒီဇင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် (၂၀၂၃- ၂၀၂၄) ပညာသင်နှစ် Grade-5 သင်ရိုးသစ် မြို့နယ်အဆင့် နောက်ဆက်တွဲသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အ.ထ.က (၁) မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်စီစီက သင်တန်းသား/ သူ၊ ဆရာ/မများအား သင်တန်းစည်းကမ်း၊ သင်တန်းလမ်းညွှန်နှင့် ပတ်သက်သည့် ကိစ္စရပ်များအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ သင်တန်းနည်းပြဆရာ/မ (၅)ဦးတို့မှ စာတွေ့လက်တွေ့သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုးကျော် (ပြန်/ ဆက်)