စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် နေအိမ်ပြင်ပသို့ နှာခေါင်းစည်း(Mask)မတပ်ဆင်ဘဲ သွားလာ သူများအားအခုဝယ်/တပ် စနစ်ဖြင့်အရေးယူ စစ်ဆေး ဆောင်ရွက်

တမူး အောက်တိုဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင်  ကိုဗစ်-၁၉ ရောဂါ ကြိုတင်၊ ကာကွယ်၊ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ နေအိမ်ပြင်ပသို့ နှာခေါင်း စည်း (Mask)မတပ်ဆင်ဘဲ သွားလာကြသူများအား အခုဝယ် အခုတပ် စနစ်ဖြင့် အောက်တိုဘာ (၂၇)ရက်နံနက်(၉)နာရီအချိန်က အရေးယူ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်ကျန်းမာရေးဝန်ထမ်းများ၊စည်ပင်သာယာရေးဝန်ထမ်းများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ယာဥ်ထိန်းတပ်ဖွဲ့ဝင်များ၊မြို့မစျေး ကော်မတီဝင်မ များနှင့်စျေးအရန်မီးသတ် တပ်ဖွဲ့ဝင်များမှနေအိမ်ပြင်ပသို့ သွားလာကြသည့် ပြည်သူများအား ကျန်းမာရေးအသိဖြင့် စည်းကမ်းရှိရှိသွားလာစေရေးအတွက် တမူးမြို့ ၊မြို့မစျေးရှေ့ ဗိုလ်ချုပ်လမ်းမပေါ်တွင် စစ်ဆေးဆောင်ရွက်ခဲ့ပြီးစည်းကမ်း မလိုက်နာသူများအား (Mask)တစ်ခုလျင် (၂၀၀)ကျပ်ဖြင့် အခုဝယ် အခုတပ် စနစ်ဖြင့်အရေးယူဆောင်ရွက်ခဲ့ပြီး အသိပညာပေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်းသိရှိရသည်။

တမူးမြို့တွင် နေအိမ်ပြင်ပသို့ နှာခေါင်းစည်း (Mask)မတပ်ဆင်ဘဲ သွားလားသူများအား စစ်​ဆေးဆောင်ရွက်ခြင်းကို  လူစည်ကားသည့်မြို့မစျေးနှင့်အာရှလမ်းမီးသတ် လမ်းဆုံမီးပွိုင့်၊ အလောင်းဘုရားလမ်း မီးပွိုင့်၊ကမ္ဘောဇဘဏ်ရှေ့နှင့်ခြင်္သေ့လေးကောင် လမ်းဆုံတို့တွင် အပတ် စဉ် အင်္ဂါ၊ကြာသပတေး၊သောကြာ နေ့များတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကျော်သူရ(ပြန်/ဆက်)