ပခုက္ကူ အောက်တိုဘာ ၂၇
ပခုက္ကူမြို့နယ်ရှိ ယာစိုက်ခင်းများတွင် မိုးနှောင်းချည်မျှင်ရှည်ဝါများ စိုက်ပျိုးမှုအောင်မြင် ဖြစ်ထွန်း လျက်ရှိကြောင်းသိရသည်။
ပခုက္ကူမြို့နယ်တွင် ကျေးရွာများတွင် မိုးနှောင်းချည်မျှင်ရှည်ဝါ ရွှေတောင် ၈ ၊ရွှေတောင် ၁၀ ၊ ငွေချည် ၆ ၊ငွေချည် ၉ ၊ ငွေချည် ၁၀ စိုက်ပျိုးဧကပေါင်း စက်တင်ဘာလကုန်စာရင်းအရ ၂၀၄၂ ဧက စိုက် ပျိုးထားကြောင်းသိရသည်။
ချည်မျှင်ရှည်ဝါမျိုးများသည်အထွက်ကောင်းမျိုးများဖြစ်ပြီး ရာသီဥတုနှင့်ကိုက်ညီသောမျိုးများ ဖြစ် သည်။
ယမန်နှစ်ဝါဈေးနှုန်းအရ ဝါတစ်ပိဿာကို ၁၃၀၀မှ ၁၄၀၀ ကျပ်နှုန်းထိရောင်းချခဲ့ရကြောင်းကို ရေလာလေးကျေးရွာမှ ဦးတင်အောင်ထံမှ သိရသည်။ လိုအပ်သောမျိုးစေ့နှင့်နည်းပညာ အကူအညီများ သွင်းအားစုများ စနစ်တကျသုံးစွဲရေးတို့ကို ပခုက္ကူမြို့နယ် စိုက်ပျိုးရေးဦးစီး ဌာနမှ ကွင်းဆင်းဆောင် ရွက် ပေးကြောင်းသိရသည်။
ကိုတမာ(ပြန်ဆက်)