အရာတော် အောက်တိုဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာခရိုင် ၊ အရာတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန က COVID-19 စီးပွားရေးကုစားမှု အစီအစဥ် ( CERP )ဖြင့် ဆောင်ရွက်သော မိုးစပါးစိုက် တောင်သူ မျိုးစေ့ထုတ်စိုက်ခင်းများအား Field Inspection Campaign ပြုလုပ်ခြင်းကို အောက်တိုဘာ ၂၅ရက်နေ့က စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
မျိုးစေ့ထုတ်စိုက်ခင်းများသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန် နှင့်တောင်သူများပူးပေါင်း၍ မျိုးကွဲ နှုတ်ပယ်ခြင်း၊ပိုးမွှားကျရောက်မှု ကင်းထောက်ခြင်း၊ ပင်ပွား စစ်ဆေးခြင်း၊ သတ်မှတ်ထားသော နယ်နိမိတ်အကွာအဝေး ရှိ/မရှိ၊ ပေါင်းမြက်များကို စနစ်တကျ နှုတ်ပယ်ရန်၊ သတ်မှတ် စံချိန်စံညွှန်းနှင့် ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ကျေးရွာ အုပ်စု ၆ စုတွင် ကိုယ်စားပြုနေရာများ သတ်မှတ်၍ လက်တွေ့ပြသ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
အရာတော်မြို့နယ်တွင် (CERP) အစီအစဥ် ဖြင့် အုပ်ရှင်းကြီး နည်းပညာပြန့်ပွားရေး စင်တာနယ်မြေတွင် (၁၄၅) ဧက၊ ဇရစ် နည်းပညာပြန့်ပွားရေးစင်တာနယ်မြေတွင် (၁၀၀)ဧက စုစုပေါင်း စိုက်ဧက(၂၄၅) ဧကကို ပေါ်ဆန်းရင် မျိုးစပါးနှင့် ဧရာမင်း စပါးမျိုး များကို၊ စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ သိရှိရသည်။
နွယ်နီမြင့်(မြို့နယ် ပြန်/ဆက်)