စစ်ကိုင်း အောက်တိုဘာ ၂၇
စစ်ကိုင်းမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင် စွာကျင်း ပနိုင်ရေးနှင့် မဲရုံများ၌ပြည်သူများဆန္ဒမဲပေးရေးကိစ္စများတွင် အစဉ်ပြေစေရန်အတွက် မဲရုံများ မီးလင်းရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့က မြို့ပေါ်ရပ် ကွက်များ တွင် နယ်မြေကွင်းဆင်းကာ စစ်ဆေးခဲ့ကြသည်ကိုသိရသည်။
အဆိုပါအဖွဲ့တွင် စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးမှူး ဦးသီဟံနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးမှ ဦးဇာနည်လင်း၊ စိန်ကုန်းအရန်မီးသတ်တပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များပူးပေါင်းကာ ဧမြဝတီ၊ လင်းဇင်း၊ ဈေးကုန်း၊ ဘော်ဂါ၊ နန္ဒဝန်ရပ်၊ ချင်းစု၊ မိုးဇာနှင့် မြို့ပေါ်ရှိ အခြားရပ်ကွက်များသို့ နယ်မြေကွင်းဆင်းကာ သက်ဆိုင်ရာ ရပ်ကွက်ဥက္ကဌများနှင့် ရပ်ကျေးကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဆန္ဒမဲပေးမည့်ရက်တွင် မဲရုံများ အားလုံးမီးလင်းရေးအတွက် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ လျှပ်စစ်မီးပျက် ခဲ့ပါက မီးစက်များကြိုတင်စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မဲရုံအဖွဲ့ဝင်များအား မီးငြှိမ်းသတ်နည်းလက်တွေ့ သရုပ်ပြသခြင်းနှင့် အသိပညာပေးများကိုလည်း ဟောပြောပေးခဲ့ကြသည်။
အဆိုပါအဖွဲ့သည် မြို့နယ်အတွင်းရှိ မဲရုံပေါင်း(၁၆၃)ရုံသို့ သွားရောက်၍ မီးလင်းရေး ဆောင်ရွက် ထားရှိမှုများနှင့် မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုများကို ကြည့်ရှု စစ်ဆေး သွားမည်ဖြစ်ကြောင်းသိရသည်။
မျိုးဝင်း(ပြန်/ဆက်)