မိုဝိုင်းလွတ် အောက်တိုဘာလ ၂၇
မိုးရာသီကာလ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်၊ မိုဝိုင်းလွတ်မြို့ - ဖာဖုတ်ကားလမ်းမ (ကြားစခန်းကွေ့) လမ်းမပေါ် မြေပြိုကျ၍ ခရီးသွား ပြည်သူများ အခက်ကြုံတွေ့လျက်ရှိရာ အောင်တိုဘာလ ၂၆ ရက် ယမန်နေ့၌ မိုဝိုင်းလွတ်မြို့မှ နာဂဝန်ထမ်းမိသားစု နာရေးကူညီမှုအသင်းက သွားရောက်ပြီး မြေစာများ ဖယ်ရှားခဲ့ ကြောင်းသိရသည်၊၊
အဆိုပါ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေမှုကြောင့် ဖာဖုတ်၊ ပေပင်၊ ရှမ်းရွာရှိ ဈေး သည်များ ဆိုင်ကယ်ကယ်ရီသမားများ အခက်အခဲကြုံတွေ့နေရပြီး ဒေသခံပြည်သူများ သွား လာရေး အဆင်ပြေစေရေးအတွက် ယခုလိုသွားရောက်လုပ် အားပေးခဲ့ကြောင်း သိရသည်၊၊
" ဒီဒေသမှာ ဒီကားလမ်း တစ်ခုကိုပဲ အဓိကထားပြီး သွားလာနေရတဲ့အတွက် ယခုလို ကား လမ်းပိတ်ဆို့တဲ့အခါ ဒီဒေသမှာရှိတဲ့ ပြည်သူတွေ စီးပွားရေး၊ လူမှုရေး အစရှိတဲ့ အခက်အခဲ တွေကြုံတွေ့လျက်ရှိရာ အများပြည်သူတွေ အမြန်ဆုံး ယခင်လိုသွားလာနိုင်ရန်အတွက် လာရောက်လမ်းရှင်းပေးခြင်းဖြစ်ပါတယ်" ဟု အသင်းမှတာဝန်ရှိသူ ဦးယွန်းလျားထန် မှ ပြော သည်၊၊
ယခုအခါ ကား/ ဆိုင်ကယ် များလည်း ကောင်းမွန်စွာသွားလာနိုင်ပြီဖြစ်ကြောင်းသိရသည်၊၊
စီးရဲ( ပြန်/ဆက်)