ကရသူရိမြို့ ကျောက်ထနောင်းကျေးရွာ၌ ၁၂ ဘီး ယာဉ်တစ်စီး ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွား

ကရသူရိ အောက်တိုဘာ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့ ကော့ဗမာကျေးရွာအုပ်စု၊ ကျောက်ထနောင်ကျေးရွာ၊ ကော့သောင်း−ဘုတ်ပြင်း ပြည်ထောင်စု ကားလမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၀၄၇−၄)နှင့် (၅)အကြားတွင် ယနေ့ နံနက် ၇နာရီခွဲခန့်က ၁၂ ဘီး ယာဉ်တစ်စီး ချောက်ထဲသို့ထိုးကျ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယာဉ်တိမ်းမှောက်မှုသတင်းအရ နယ်မြေစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ကျောက်ထနောင်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာအဖွဲ့များဖြင့် သွားရောက်စစ်ဆေးခဲ့ရာ ကော့သောင်းဘက်မှ ဘုတ်ပြင်းမြို့ဘက်သို့ ယာဉ်မောင်း ဦးဇော်နိုင်ဦး   မောင်းနှင်း၍ ယာဉ်နောက်လိုက် ဦးဇေယျာမြင့်လိုက်ပါလာသော 6C/---- ဦးခေါင်းအဖြူ   ၁၂ ဘီး ယာဉ်သည် 4I/---- FORLAN အပြာရောင် ကျောက်တင်ကားအား တင်ဆောင်လာစဉ် လမ်း၏ဝဲဘက်ဘေးရှိ (၁၅၀) ပေခန့်ရှိသော ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့၍    ယာဉ်မောင်း ဦးဇော်နိုင်ဦးတွင် ဝဲဘက်ပေါင် ဖူးရောင်ဒဏ်ရာရရှိသဖြင့် ယာဉ်မဆင်မခြင်   မောင်းနှင်းသူ ဦးဇော်နိုင်ဦးအား နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုးဝင်း(ပြန်/ဆက်)