ရေကြည်မြို့နယ်တွင် ပထဦးဆုံး ကိုဗစ် - ၁၉ ပိုးတွေ့လူနာ ရောဂါသက်သာ ပျောက်ကင်း၍ ရေကြည် ပြည်သူ့ဆေးရုံမှ ဆင်းခွင်းရ

ရေကြည် အောက်တိုဘာ ၂၆

ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် အောက်တိုဘာ ၁၄ ရက်နေ့က ပထမဦးဆုံး ကိုဗစ်-၁၉ ပိုးတွေ့ရှိသော လူနာသည် ယနေ့တွင် ရောဂါသက်သာပျောက်ကင်း၍ ရေကြည်ပြည်သူ့ဆေးရုံမှ ဆေးရုံဆင်းခွင့် ရရှိခဲ့သည်။

အဆိုပါ ဆေးရုံဆင်းခွင့် ရရှိသူအား ကျန်းမာရေးဦးစီးဌာနမှ နေအိမ်တွင်  ၇ ရက် အသွားအလာ ကန့်သတ် စောင့်ကြည့်သွားမည် ဖြစ်ကြောင်းနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်အောင်မှ နေအိမ်တွင် ဆက်လက် လိုက်နာနေထိုင်ရမည့် စည်းကမ်းချက်များအား ရှင်းလင်းမှာကြားခဲ့ပြီး နေအိမ်သို့ပြန်လည် ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

 

အောင်သူဟန် (ပြန်/ဆက်)