သရက်ချောင်း ဒီဇင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Center)ခန်းမတွင် ယမန်နေ့က (Book Club))အဖွဲ့ဝင်များဖြင့် စာရေးဆရာ ခင်စောတင့်ရေးသားထားသော စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများစာအုပ်နှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက အဆိုပါစာဖတ်ဝိုင်းသို့တက်ရောက်လာသော စာပေချစ်သူ(Book Club)အဖွဲ့ဝင်များအား ကျေးဇူးတင်စကားပြောကြားပြီးနောက် စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာပေချစ်သူ(Book Club)အဖွဲ့ဝင်များက အဆိုပါစာအုပ်ကို ဖတ်ရှုလေ့လာခဲ့ကြပြီး အဆိုပါစာအုပ်မှရရှိသည့် အသိပညာဗဟုသုတများအား စာပေချစ်သူ(Book Club)အဖွဲ့ဝင် ဒေါ်မြထွေးသွယ်က လူတန်းစားအလွှာ မခြားနားစေရာ ခေါင်းစဉ်ဖြင့်လည်ကောင်း၊ (Book Club)အဖွဲ့ဝင် ဒေါ်ချိုလတ်လတ်ဝင်းက စွန့်စားမှုဆီသို့ ခြေတစ်လှမ်းခေါင်းစဉ်ဖြင့်လည်ကောင်း၊ (Book Club)အဖွဲ့ဝင် ဦးစောလွင်က အချိန်အခါကိုသိပါ ခေါင်းစဉ်ဖြင့်လည်ကောင်း (Book Club)အဖွဲ့ဝင်များအချင်းချင်း အပြန်အလှန်ဆွေးနွေးခဲ့ပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက လူငယ်များအနေဖြင့် အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားတက်စေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန် မိမိတို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူ(Book Club)အဖွဲ့ဝင်များပူပေါင်း၍ လူငယ်များအား အသိပညာပေးနှိုးဆော်ပေးစေလိုကြောင်း ရှင်းလင်းဆွေးနွေးကာ အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သတင်းရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)