နတ်မောက် ဒီဇင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့စီးပွာရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို ယနေ့နံနက် (၇) နာရီအချိန်ခန့်က ထုတ်ပေးလျက်ရှိသည်။
အဆိုပါနိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ ပင်စင်ထုတ်ယူရာတွင် အဆင်ပြေစေရေးအတွက် ဒီဇင်ဘာ (၂၁)ရက်နေ့မှ (၂၉)ရက်နေ့အထိ နတ်မောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားများအား နေ့စဉ် နံနက် (၇)နာရီမှ ညနေ (၃) နာရီအထိ ထုတ်ပေးသွားမည်ဖြစ်သည်။ ထို့ပြင်သတ်မှတ်ရက်များတွင် လာရောကမထုတ်ယူနိုင်သော ပင်စင်စားများအား ဇန်နဝါရီလဆန်းပိုင်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း၌ လာရောက်ထုတ်ယူနိုင်ကြောင်း နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူထံမှ သိရသည်။
လှဝင်း