နိုင်ငံတော်ကောင်စီဝင် မန်းငြိမ်းမောင်နွေစပါးစိုက်ဧကများ ဓာတ်မြေဩဇာ နှင့်သဘာဝမြေဩဇာရောစပ်ကြဲပက်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

ကျောင်းကုန်း ဒီဇင်ဘာ ၁၈

နိုင်ငံတော်ကောင်စီဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း၊ သယံ ဇာတဝန်ကြီး ဦးအုန်းမြင့်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင် ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ စိုက်/တိုး/မြှင့်ဌာနဆိုင်ရာများ လိုက်ပါလျက် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ရောင်ပစ်ကွင်းအုပ်စု၊ သုံးခွကျေးရွာရှိ ဦးပိုင်အမှတ် ၄၇၊ ကွင်းအမှတ် ၄၁၆-စီ၊ ကွင်းအမည် ပိန်းအင်းကြီးဒိုက်ကွင်း၊တောင်သူ ဦးစိုင်းမင်းအောင်၏ လယ်မြေဧက (၇.၃၆) နှင့်‌ တောင်သူ ဦးသန်းအောင်၏ လယ်မြေဧက(၃.၀၂)တို့ ၌ စပါးအမည် GW-11 နွေစပါးစိုက်ခင်းအတွင်းသို့ယနေ့နံနက် ၈ နာရီအချိန်ခန့် က ဓာတ်မြေဩ ဇာနှင့်သဘာဝမြေဩဇာ ရောစပ်ကြဲပက်ပွဲသို့ ကြည့်ရှုအား ပေးခဲ့ပြီး၊ တောင်သူများနှင့်ရင်း ရင်းနှီးနှီးတွေ့ဆုံ၍စိုက်ပျိုးရေးဆိုင်ရာ ကိစ္စများ ပြောကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်ကောင်စီဝင် မန်းငြိမ်းမောင်နှင့်အဖွဲ့သည် တံခွန်တိုင် ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ အသစ်ဆောက်လုပ်လျက်ရှိသော နှစ်ထပ် R C ကျောင်းဆောင်သစ်အား ကြည့်ရှုခဲ့ကြသည်။

ထို့နောက် တံခွန်တိုင်ကျေးရွာ စိုက်ပျိုးရေးဦးစီးဌာန၏နည်းပညာပြန့်ပွားရေး စင်တာ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဦးစီးဌာနမှ ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric)ကောက် ယူနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး၊ နိုင်ငံသားစိစစ်ရေးကပ်ပြားများ ပြည်သူ့လက်ဝယ်သို့အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းကြိုင် (ပြန်/ဆက်)